kyawtlon

Thursday, February 3, 2011

ကမ္ဘာ့အကြီးဆုံးငါး

ကမ္ဘာ့အကြီးဆုံးငါး
Whale Shark လို့ခေါ်တဲ့ ဝေလငါးအနွယ်ဝင်ငါးမန်းတွေဟာ Rhincodon typus မျိုးအုပ်စုတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဟာဖြည်းဖြည်းချင်း ရွေ့လျှားတတ်တဲ့ အသားစားငါမန်းမျိုးဖြစ်ပြီး သက်ရှိငါးမျိုးစိတ်တွေထဲမှာတော့ အကြီးဆုံးပဲဖြစ်ကြပါတယ်။ သူတို့ဟာ အရှည်အားဖြင့် ၁၂.၂ မီတာ ထိကြီးထွားနိုင်ပြီး အလေးချိန်အားဖြင့် ၁၃.၆တန် ထိလေးနိုင်တဲ့အကောင်တွေဖြစ်ပါတယ်။ ဒီငါးမန်းတွေကို ပူနွေးတဲ့ဒေသတွေနဲ့သမုဒ္ဒယာအပူပိုင်းတွေမှာ တွေ့ရလေ့ရှိပြီး သူတို့ဟာ ပင်လယ်ဝတွေမှာနေလေ့ရှိတယ်။ နှစ်ပေါင်း ၇၀ နီးပါလောက်အသက်ရှင်ကြတယ်။ ဒီမျိုးစိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀မီလီယံလောက်ကတည်းက ရှိကြတယ်လို့ ယူဆရပါတယ်။



ဒီလိုထူးခြားတဲ့ငါးမန်းတွေဟာ Genus Rhincodon ရဲ့တစ်ခုတည်းသောအုပ်စုဝင်ဖြစ်ပြီး Rhincodontidae အနွယ်ဝင်တွေဖြစ်ကြပါတယ်။ (၁၉၈၄ မတိုင်ခင်က Rhindontes လို့ခေါ်ကြပါတယ်) သူ့ရဲ့အုပ်စုခွဲကတော့ Elasmobranchii ဖြစ်ပြီး Chondrichthyes အနွယ်ဝင်တွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီမျိုးစိတ်တွေကို ၁၈၂၈ အေပရယ်မှာ ပထမဆုံးသတ်မှတ်ခဲ့ပါတယ်။ တောင်အာဖရိကမှ Table Bay ပင်လယ်မှာ ၄.၆မီတာ (၁၅.၁ပေ) ရှည်တဲ့မျိုးစိတ်ကို မှိန်းနဲ့ထိုးပြီးရရှိခဲ့ပါတယ်။ နောက်နှစ်မှာတော့အဲဒီသတင်းကို Cape Town မှာရှိတဲ့ ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ military doctor Andrew Smith ကဖော်ပြခဲ့ပါတယ်။ သူကဆက်လက်ပြီး ၁၈၉၄ မှာမျိုးစိတ်တွေရဲ့အသေးစိတ် အချက်အလက်တွေကို ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Whale
Sharkဆိုတာကတော့ ငါးနာမည်တွေကဆင်းသက်လာတာဖြစ်ပြီး ဗီယက်နမ်ကနေ ဆင်းသက် လာတယ်လို့ယူဆ ရပါတယ်။ ဒီကောင်တွေက ဝေလငါးလောက်ကြီးတဲ့ငါးမန်းတွေဖြစ်ပြီး အသားကိုလဲ အလွန်ကြိုက်ပါတယ်။ ဒီကောင့်ကိုနောက်တစ်မျိုး Ca Ong လို့လည်းခေါ်ပြီး Sir Fish လို့ဘာသာပြန်ရပါမယ်။



မက်ဆီကိုနဲ့ လက်တင်အမေရိကမှာတော့ ဝေလငါးမန်းတွေကို pez dama သို့မဟုတ် domino လို့ခေါ်ကြပါတယ်။သူတို့ရဲ့ ကိုယ်ပေါ်ကအစက်အပြောက်တွေကို တင်စားပြီးခေါ်ကြတာပါ။ Belize မှာတော့သူတို့ကို Sapodilla Tomလို့ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို Belize သဲခုံကျောက်တန်းတွေမှာရှိတဲ့ Sapodilla Cayes အနီးမှာအမြဲတစေတွေ့ရလို့ပါပဲ။ အာဖရိကမှာတော့ ဝေလငါးမန်းတွေကို နတ်ဘုရားဆန်ဆန်တင်စားကြပါတယ်။ Papa Shillingလို့ခေါ်ကြတယ်။ ဘုရားသခင်က ဒီငါးမန်းတွေကိုယ်ပေါ်ကို ငွေစတွေပစ်ချခဲတယ်လို့ယုံကြည်ကြတယ်။ ဒါကြောင့် ဒီငါးမန်းတွေကိုယ်ပေါ်မှာ အစက်အပြောက်တွေ ရှိတယ်လို့ ယူဆထားကြပါတယ်။ Madagascar မှာတော့ သူတို့ကို ဒေသအတွင်းမှာ Many Stars လို့ခေါ်ကြပါတယ်။



အင်ဒိုနီးရှားမှာတော့ သူတို့ကိုယ်ပေါ်က ကြယ်လေးတွေကို အစွဲပြုပြီး
geger lintang လို့ခေါ်ကြတယ်။ ဆိုလိုတာကတော့ (ကြယ်လေးတွေပြန်လာပြီ) တဲ့။ ဝေလငါးမန်းတွေဟာ သီးခြားအသားစား အကောင်တွေဖြစ်ပါတယ်။ ငါးမန်းထဲမှာရှားပါတဲ့ မျိုးစိတ် ၃ခု ထဲကတစ်ခုဖြစ်ပါတယ်။ ကျန်တဲ့နှစ်ကောင်ကတော့ basking shark နဲ့ megamouth shark တို့ဖြစ်ပါတယ်။ သူတို့ဟာ တစ်ခြားကျောရိုးရှိအကောင်တွေ ကြီးမားတဲ့ရေညှိတွေ ရေမှော်ပင်တွေ သေးငယ်တဲ့ပင်လယ်ခရုတွေ တစ်ခြားအကောင်မျိုးစုံကိုစားသုံးကြပါတယ်။ သူတို့ရဲ့အတန်းပေါင်းများစွာ ပါတဲ့သွားတွေက အစာစားဖို့ အထောက်အကူပေးပါတယ်။ ဝေလငါးမန်း နဲ့စာရင်တော့အခြားကောင်တွေကအလွန်ပဲအရွယ်သေးငယ်ကြပါတယ် ။




အမှန်တကယ်တော့ဒီကောင်တွေက ရေတွေကို သူတို့ရဲ့ပါးစပ်အပြည့်နဲ့ စုပ်ယူပြီး ပြည့်တော့မှ ရေတွေကိုပြန် လည်မှုတ်ထုတ်ကြပါတယ်။
သူတို့ရဲ့ပါးစပ်အဖွင့်နဲ့ အပိတ်ကြားမှာ အလွန်သေးငယ် တဲ့အကောင် ငယ်လေးတွေဟာ ဒီကောင်တွေရဲ့သွားကြား သွားဖုံးကြားတွေမှာ ပိတ်မိသွားတတ်ကြပါတယ်။

သူတို့ပါးစပ်ထဲမှာ ပိတ်မိတဲ့အရာ ဘာပဲဖြစ်ဖြစ်ဒီကောင်တွေက ၀ါးမျိုတတ်ကြပါတယ်။ ဒီလိုဇကာသဖွယ် ဖြစ်နေတဲ့သွားတွေက စိထားတဲ့အခါမှာ အကောင်တွေကိုလွတ်မထွက်သွားအောင် ထောင်ချောက်သဖွယ်ဖြစ်ပြီး ရေတွေကိုတော့အပြင်ကိုထွက်သွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ သွားကြားတွေမှာ ၂ မှ ၃ မီလီမီတာလောက်ကျယ်လို့ပါပဲ။



သူတို့ဟာတစ်ခါတစ်လေ လူတွေလိုချောင်းဆိုးပါတယ်။ ဒါဟာ စားကြွင်းစားကျန်တွေကို ရှင်းထုတ်တယ်လို့ယူဆရပါတယ်။
ဒီကောင်တွေဟာ belizean ကျောက်စွယ်အငူတန်းတွေနဲ့ ကျောက်ဆောင်ကြားတွေမှာ စုစည်းနေတတ်ကြပါတယ်။သူတို့အုပ်စုလိုက်အစာအဖြစ် ကြီးမာတဲ့ခရုကြီးတွေကို စားသုံးကြပါတယ်။ ဒီအလွန်ကြီးမားတဲ့ ခရုတွေဟာ လပြည့်နေ့တိုင်း March နဲ့ September ကြားမှာအလွန်ပဲပေါများကြပါတယ်။




No comments:

Post a Comment