kyawtlon

Wednesday, December 29, 2010

ကရင့်ရိုးရာတူရိယာပစ္စည်းအမျိုးမျိုးကို နယူးဇီလန်မှာ ထုတ်လုပ်

နယူးဇီလန်မှာနေထိုင်တဲ့ ဆရာမန်းကျော်အေးက ရွှေဖါးစည်၊ ငွေဖါးစည်အပါအ၀င်
ကရင့်ရိုးရာတူရိယာပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်လို့နေပါပြီ.
ပြည်ပရောက် ကရင့်အဖွဲ့အစည်းအသီးသီးက ကရင့်တူရိယာပစ္စည်းအမျိုးမျိုးကို
အလိုရှိပါက မှာယူနိုင်ကြောင်းလည်း ဆိုပါတယ်။
စောင်း(နာဍိင်)၊ ဗျစောင်း(ခႝာ)၊ မိကျောင်းလျှာ(ဟှိင်)၊ ပလွေ(ဖံင်ဒွါ)၊ တယော(သင့်ထံင်.)၊
ဘင်(္ဘေန့်)၊ မယ်ဒလင်၊ လင်းကွင်း၊ မောင်း၊ ပွေ(ပ္ဘီါ)၊ ကျွဲချို(ခဲု)၊ အိုးစည်(ထး)၊
နှဲ(ခ်ုနွဲ့)၊ ရွှေဖါးစည် ငွေဖါးစည်(ကေႜာဟ်စေ၀်၊ကေႜာဟ်ဓံင့်) စတဲ့ တူရိယာပစ္စည်း
အမျိုးမျိုးကို ထုတ်လုပ်နေပါတယ်။
အောက်ဖေါ်ပြပါပုံတွေက ဆရာမန်းကျော်အေး(နယူးဇီလန်)ပုံနဲ့ ထုတ်လုပ်ထားတဲ့
ကရင့်ရိုးရာတူရိယာပစ္စည်းတွေပါပဲ။

1 comment:

  1. Hi
    I am interesting to those Karen music instruments.
    Please give me price quote and possibility in order to make some order.
    Thanks in advance.
    SawThaik (sawthaik@yahoo.com)

    ReplyDelete